ဖိလစ်ပိုင်သမ္မတ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် မတ် ၂ဝ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိ နေသည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ရိုဝါ ဒူတာတေး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ဖိလစ်ပိုင်သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး Mr. Alex Chua နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။