တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ H.E. Mr. Rodrigo Rao Duterte တို့တွေ့ဆုံ ဆွေးနွေး

နေပြည်တော် မတ် - ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Rodrigo Rao Duterte တို့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ  Horizon Lake View Hotel  State Meeting Room-1,Villa -1 ၌ တွေ့ဆုံကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ် ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဖိလစ်ပိုင်သမ္မတနှင့်အတူ Secretary  of  National Defence H.E. Mr. Delfin Lorenzana ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Alex Chua နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကာကွယ်ရေး၊ လုံခြုံရေးနှင့်မူးယစ်ဆေးဝါးကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။