ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နော်ဝေနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇွန် ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နော်ဝေနိုင်ငံ အော်စလို မြို့အနီး Losby Manor တွင် ဇွန် ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 2017 Edition of the Oslo Forum သို့တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ကျော် ပြန်လည်လိုက်ပါလာသည်။

(သတင်းစဉ်)