ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးနှင့် International Institute For Democracy and Electoral Assistance အကြီးအကဲတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇွန် ၁၆

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား International Institute For Democracy and Electoral Assistance မှ အကြီးအကဲဖြစ်သူ Mr. Mark Mcdowell သည် ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် IDEA က ကူညီ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေရေးရာကိစ္စရပ်များ၌ IDEA က ပညာရပ်ဆိုင်ရာ အကြံပြုချက်များ ပံ့ပိုးကူညီမည့်ကိစ္စ၊ ဖက်ဒရယ်စနစ်၏ အခြေခံမူများနှင့် ကျင့်သုံးဆောင်ရွက် မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဥပဒေများ စိစစ်ရေးဦးစီးဌာနမှ ဥပဒေအရာရှိများအတွက် ဖယ်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သင်တန်းများပို့ချ ပေးနိုင်ရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ရှေ့နေချုပ်ရုံး၏ အခန်း ကဏ္ဍနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ညွှန်ကြားရေးမှူး ချုပ် ဦးမင်းဆွေတို့လည်း တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)