မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ (အမျိုးသား)ဘော လုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီက မြို့နယ် အားကစားကွင်းတွင် ပြုလုပ်ကျင်း ပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကြောင်းမှူးဦးဆောင်၍ ဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာ အဓိဌာန် (၄)ချက်ရွတ်ဆိုခြင်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌအား ချီတက်အလေးပြုပြီး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က အဖွင့်မိန်ခွန်းပြောကြား ခဲ့သည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း မြင့်မားရေးကို အထောက် အကူပြုစေရန် အတွက် လည်းကောင်း၊ ဌာနအသီးသီးမှ မြို့နယ်ဂုဏ် ဆောင်မှတစ်ဆင့် တိုင်းဒေသကြီးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ထူးချွန်ထက်မြက်သော အားကစား သမားများ ပေါ်ထွက်လာစေရန် လည်းကောင်း ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြော ကြားပြီး စည်းကမ်းသေသပ်မှု၊ တရားသော ယှဉ်ပြိုင်အနိုင်ရမှုကို လက်ခံကျင့်သုံးပြီး တရားမျှတစွာ ယှဉ်ပြိုင်ကစားကြရန် တို့ကို စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်အဆင့်ကိုယ်စားပြု ပြိုင်ပွဲဝင် ဘောလုံးအားကစားအ သင်းများအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်အားပေးပြီး ပြိုင်ပွဲထမနေ့ပွဲစဉ်အဖြစ် ဆည်မြောင်း၊ စိုက်ပျိုးရေး၊ စက်မှုလယ်ယာ၊ မျိုးသန့်ခြံ၊ စက်မှုသီးနှံဌာနများ၏ ကိုယ်စားပြု (MARS)အသင်းနှင့် မီးရထား၊ တိုင်းရင်းဆေး၊ အား/ကာ၊ ကျန်းမာရေး၊ အခွန်ဦးစီးဌာနများကိုယ်စားပြု(FIVE STAR)အသင်းတို့ စတင်ယှဉ်ပြိုင်ကစား ခဲ့ကြသည်။

အဆိုပါ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိန်ဝင်း၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကိုကိုဦး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်နှင့် ဌာနဆိုင် ရာများ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ဒေသခံဘောလုံးဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဇန်နဝါရီလ ၁၁ ရက်မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)