မစ္စ ရန်ဟီလီနှင့် အဖွဲ့ ပေါင်မြို့နယ် ဇင်းကျိုက်ကုန်ထုတ်စခန်းသို့ သွားရောက်လေ့လာ

ပေါင် ဇန်နဝါရီ ၁၁

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ရန်ဟီလီနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းသို့ သွားရောက် လေ့လာသည်။

မစ္စရန်ဟီလီနှင့်အဖွဲ့သည် မွန်ပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ဇင်းကျိုက်ကုန်ထုတ် စခန်း ဧည့်ရိပ်သာ၌ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းအခြေအနေနှင့်အကျဉ်းသားများ၏ အခြေ အနေများကို မေးမြန်းပြီးအကျဉ်းသားများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုသည်။

ယင်းနောက် ဝတ်ကြီး ကျောက်ထုတ်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများကို မေးမြန်းခဲ့ကြောင်းသိရသည်။

သက်ဦး(သထုံ)