မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်နေမှု အခြေအနေများ ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၁၁

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.ToneTinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံရေးရာ အဆောင်အမှတ် (I-11) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမို ကရေစီ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များတွင် နော်ဝေ နိုင်ငံအနေဖြင့် ပါဝင်ပူးပေါင်းကူညီ ဆောင်ရွက်သွားနိုင်မည့် အခန်းကဏ္ဍ တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ဦးကိုကိုနိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)