တိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ အား ထောက်ပံ့ငွေပေးအပ်

မူဆယ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက် မှု ဖြစ်စဉ်များကြောင့် သေဆုံး ၊ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်နံနက် ၁ဝ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပစ်ခတ်တိုက်ခိုက် မှုဖြစ်စဉ်များကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၁၁ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ခုနစ်သိန်းနှုန်းဖြင့်လည်း ကောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၂၉ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်လေးသိန်း ငါးသောင်းရှစ်ထောင် နှုန်းဖြင့် လည်းကောင်း စုစုပေါင်း ငွေကျပ်သိန်း ၂၁ဝ ကို တာဝန်ရှိသူများ က ပေးအပ်ခဲ့ရာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များက လက်ခံ ရယူခဲ့ကြသည်။

မူဆယ်ခရိုင်အတွင်း ၂ဝ-၁၁-၂ဝ၁၆ မှ ၆-၁၂-၂ဝ၁၆ ရက်အတွင်း ပစ်ခတ်တိုက် ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၇ ဦးအတွက် ငွေကျပ် ၁၁၉ သိန်းနှင့် သေဆုံးခဲ့သူ ၃ဝ တို့အတွက် နှစ်သိမ့် ထောက်ပံ့ငွေကျပ် သိန်း ၂၄ဝ စုစုပေါင်း ငွေကျပ် ၃၅၉ သိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)