တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Parinya Khoonnasee နှင့် အဖွဲ့အားတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၀ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၆)ကြိမ်မြောက် မြန်မာ-ထိုင်း Senior Staff Talks အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့် တပ်မတော်မှ Lt. Gen. Parinya Khoonnasee နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Senior Staff Talks အစည်းအဝေးသည် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အရေးပါသည့် ပူးပေါင်းလုပ်ဆောင်မှုများအတွက် များစွာအထောက်အကူ ရစေသည့်အပြင် မိမိတို့ နှစ်နိုင်ငံအတွက်  အကျိုးကျေးဇူးများ ဖြစ်ထွန်း စေပါကြောင်း၊ မိမိတို့တပ်မတော်နှစ်ရပ်အကြား ပုံမှန်ပြုလုပ်နေ သည့် Township Border Committee ၊ Regional Border Committee ၊ Senior Staff Talks နှင့် High Level Committee အစည်းအဝေး များသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ဒေသတွင်း နိုင်ငံများအတွက်ပါ စံနမူနာတစ်ရပ်ဖြစ်စေကြောင်း၊ ရိုးသားပွင့်လင်းမှုနှင့် ယုံကြည်မှုမှာ အရေးကြီးကြောင်း ဆွေးနွေးပြောကြားသည်။ ထိုင်း Senior Staff Talks အဖွဲ့ခေါင်းဆောင် Lt. Gen. Parinya Khoonnasee က (၆)ကြိမ်မြောက် Senior Staff Talks အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုနှင့် ရလဒ်ကောင်းများရရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

(သတင်းစဉ်)