ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon Long နှင့်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်း၌ တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသော ရေကြီးရေလျှံမှုသဘာ၀ဘေးကိစ္စ၊ ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက်ကူညီထောက်ပံ့ပေးမှု အခြေအနေများနှင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံလူမှုရေး ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးသွားမည် အခြေ အနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)