ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ယူနီဒို)၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေ ကိုယ်စားလှယ် ဖြစ်သူမှ ၎င်း၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် ခန့်အပ်လွှာအား ပေးအပ်
Post date: Tue, 05/23/2017 - 22:51

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အား ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ယူနီဒို)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အသစ် အဖြစ် တာဝန် ထမ်းဆောင်မည့် Mr. Stein Hansen သည် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံပြီး ၎င်း၏ ဌာနေ ကိုယ်စားလှယ် ခန့်အပ်လွှာကို ပေးအပ်သည်။

Coffee Forum အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြား
Post date: Tue, 05/23/2017 - 22:50

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြီးမှူး ကျင်းပသည့် မြန်မာနိုင်ငံ Coffee Forum အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Gior gio ALIBERTI အား လက်ခံတွေ့ဆုံ
Post date: Tue, 05/23/2017 - 22:49

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး H.E. Mr. Pier Gior gio ALIBERTI အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပ
Post date: Tue, 05/23/2017 - 22:48

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဆွီဒင် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Post date: Tue, 05/23/2017 - 22:47

ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာဆွီဒင်သံအမတ်ကြီး H.E Ms. Annika Mariana Elisabet Rachel Ben David နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ လက်ခံ တွေ့ဆုံသည်။

အထက်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Post date: Tue, 05/23/2017 - 15:59

တနင်္သာရီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန၊ ၂၁၀၇-၂၀၁၈ ပညာသင်နှစ် အထက်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Post date: Tue, 05/23/2017 - 15:57

ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့်နေအိမ်များနှင့် အမိုးလန်ပျက်စီးသည့် နေအိမ်များအား မေလ ၂၂ ရက်က ခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

1
2
3
4
5
6
7

IPRD News

NPE News

PPD News

MMPDD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

(၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာမြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာ အခါသမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးမြေခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက

ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက

ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၏ မိန့်ခွန်းများ

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကြွရောက်လာကျတဲ့ ပြည်ထောင်စု ဝန်ကြီးများ၊ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးမျုား၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးစာပေမှာ စိတ်ဝင်စားသော၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ ဆရာ၊ ဆရာမများနဲ့ ကြွရောက်လာကြတဲ့ ကလေးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ကလေးစာပေပွဲတော်နဲ့ နာမည်နဲ့ စာပေပွဲတစ်ခုကို ဒီနှစ် စောစောပိုင်း ဇန်နဝါရီလထဲက ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့မှာ အဲအချိန်က စာရေးဆရာ ကျွန်တော်နဲ့ မိတ်ဆွေများဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာများ၊ စာအုပ် ထုတ်ဝေသူများ၊ စာအုပ် လုပ်ငန်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ စာအုပ်စာပေကိစ္စမှာ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတွဲပြီးတော့ ကျွန်တော်တို့ ကလေးစာပေ ပွဲတော်ကို