ညောင်ဦးတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေး အရေးယူ
Post date: Tue, 05/23/2017 - 11:21

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူးလှသိန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့နှင့် ပူးပေါင်းကာ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာ ညောင်ဦးမြို့ မဏိစည်သူ ဈေးအနီး ဖြတ်သန်းသွားလာ မောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက် သတ်မှတ် ယာဉ်စည်းကမ်းများနှင့် အညီ မောင်းနှင်သွားလာနိုင်ရေး ရှောင်တခင် ဖမ်းဆီးစစ်ဆေး အရေးယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်နှင့် မြို့တွင်းရှိ Shuttle Bus ပြေးဆွဲသွားရန် လမ်းကြောင်းရေးဆွဲနေ
Post date: Tue, 05/23/2017 - 11:19

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအစိုး ရနှင့် နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ဝယ်ယူထားသော ဘတ်စ်ကားသစ် များရောက်ရှိလာပါက ရန်ကုန်လေဆိပ်နှင့် ရန်ကုန်မြို့တွင်းသို့ လွန်းပြန်၊ ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲသွား မည့် Shuttle Bus ပြေးဆွဲနိုင် ရန် လမ်းကြောင်းရေးဆွဲစီစဉ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ မိုးစပါးဧက ၂၇၄ဝ စိုက်ပျိုးရန် လျာထား
Post date: Tue, 05/23/2017 - 11:14

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် နှင့် မြို့နယ်ခွဲ ခုနစ်ခုတွင် မိုးစပါးဧက ၂၇၈၄ဝ စိုက်ပျိုးသွားရန် လျာထား ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ အထူးဒေသ- ၄ အဖွဲ့ တက်ရောက်မည် ဟုသိရ
Post date: Tue, 05/23/2017 - 07:12

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်၌ မေ ၂၄ ရက်မှ ၂၈ရက်ထိ ၅ ရက်ကြာကျင်းပသွားမည် ဖြစ်သည်။

 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌအား ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆို
Post date: Tue, 05/23/2017 - 06:47

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည်။

 
ပြန်ကြားရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် (တောင်ကြီး) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Post date: Mon, 05/22/2017 - 20:34

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ်၌ ကျင်းပမည့် ကလေးစာပေ ပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲတွင် တောင်ကြီးမြို့ ပြည်နယ်အစိုးရ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 
မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကျင်းပ
Post date: Mon, 05/22/2017 - 19:20

အတွေ့အကြုံပြည့်ဝသော ပညာရှင်ကြီးများ၏ ကျွမ်းကျင်မှုနှင့်မြော်မြင်နိုင်မှု စွမ်းအားများအား နိုင်ငံတော်ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်းများအဖြစ် များစွာ လိုအပ်သကဲ့သို့ အဆိုပါနည်းပညာ အကြံဉာဏ်များသည်လည်း နိုင်ငံ၏ရေရှည် အကျိုးစီးပွား အတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မေ(၂၁) နံနက်(၉)နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

 
1
2
3
4
5
6
7

IPRD News

NPE News

PPD News

MMPDD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

(၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာမြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာ အခါသမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးမြေခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက

ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက

ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၏ မိန့်ခွန်းများ

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကြွရောက်လာကျတဲ့ ပြည်ထောင်စု ဝန်ကြီးများ၊ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးမျုား၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးစာပေမှာ စိတ်ဝင်စားသော၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ ဆရာ၊ ဆရာမများနဲ့ ကြွရောက်လာကြတဲ့ ကလေးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ကလေးစာပေပွဲတော်နဲ့ နာမည်နဲ့ စာပေပွဲတစ်ခုကို ဒီနှစ် စောစောပိုင်း ဇန်နဝါရီလထဲက ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့မှာ အဲအချိန်က စာရေးဆရာ ကျွန်တော်နဲ့ မိတ်ဆွေများဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာများ၊ စာအုပ် ထုတ်ဝေသူများ၊ စာအုပ် လုပ်ငန်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ စာအုပ်စာပေကိစ္စမှာ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတွဲပြီးတော့ ကျွန်တော်တို့ ကလေးစာပေ ပွဲတော်ကို