အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
Post date: Sat, 04/22/2017 - 20:13

နေပြည်တော် ဧပြီ ၂၂

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီ ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ
Post date: Sat, 04/22/2017 - 19:44

နေပြည်တော် ဧပြီ ၂၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ် General Volker Weiker ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန်  ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားကြသည်။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား
Post date: Sat, 04/22/2017 - 18:48

နေပြည်တော် ဧပြီ ၂၂

            ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်း အစည်း အဝေးကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တက်ရောက်အမှာစကား ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟားခါးမြို့နှင့် ဖလမ်းမြို့တို့မှ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရုံးများအား ကြည့်ရှုစစ်ဆေး
Post date: Sat, 04/22/2017 - 18:39

ဖလမ်း ဧပြီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အတူ ဧပြီ ၂၁ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြေနေရာနှင့် မြို့တော် ခန်းမနေရာတို့အား ကြည့်ရှုကြသည်။

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရယူ ရန် လက်မှတ်ရေးထိုး
Post date: Fri, 04/21/2017 - 20:21

နေပြည်တော် ဧပြီ ၂၁

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်း (Myanmar Financial Development Project) အတွက် ကမ္ဘာ့ဘဏ်ထံမှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ နှင့် ညီမျှသော SDR ၇၁ ဒသမ ၇၀၀ သန်းရယူနိုင်ရန် ဧပြီ ၁၁ ရက်က နေပြည်တော်ရှိ Kempiski Hotal  ၌ ချေးငွေစာ ချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

(၉)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ခေါင်းဆောင်များ ညီလာခံ တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသား ကင်းထောက်ချုပ်နှင့် အဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ
Post date: Fri, 04/21/2017 - 20:11

ရန်ကုန် ဧပြီ ၂၁  

ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ခေါင်းဆောင်များ ညီလာခံ (9th APR Scout Leaders Summit) တက်ရောက်ရန် မြန်မာနိုင်ငံကင်းထောက် ကော်မတီဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာရာ မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးအေးကြိုင်နှင့် ကင်းထောက် ကြီးများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံ အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်္ တွေ့ဆုံဆွေးနွေး
Post date: Fri, 04/21/2017 - 19:56

နေပြည်တော် ဧပြီ ၂၁

နယ်သာလန်နိုင်ငံတွင် လေ့လာရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယ်သာလန်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး၊ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးတို့နှင့် ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ သီးခြားစီတွေ့ဆုံသည်။

1
2
3
4
5
6
7

IPRD News

NPE News

PPD News

MMPDD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

(၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာမြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာ အခါသမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးမြေခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက

ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

ယခုလာရောက်သည့် အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အာဟာရပြည့်၀ရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်း အခြေအနေကို သိရှိနိုင်ရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း။

ကလေးများ၏ အာဟာရပြည့်၀ရေး ဆိုသည်မှာ ကလေးများ၏ တစ်သက်တာ အတွက် ဖြစ်ကြောင်း၊ အသက် ၂ နှစ်အောက် ကလေးများသည် အာဟာရ ပြည့်ဝပါက

ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၏ မိန့်ခွန်းများ

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကြွရောက်လာကျတဲ့ ပြည်ထောင်စု ဝန်ကြီးများ၊ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးမျုား၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးစာပေမှာ စိတ်ဝင်စားသော၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ ဆရာ၊ ဆရာမများနဲ့ ကြွရောက်လာကြတဲ့ ကလေးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ကလေးစာပေပွဲတော်နဲ့ နာမည်နဲ့ စာပေပွဲတစ်ခုကို ဒီနှစ် စောစောပိုင်း ဇန်နဝါရီလထဲက ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့မှာ အဲအချိန်က စာရေးဆရာ ကျွန်တော်နဲ့ မိတ်ဆွေများဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာများ၊ စာအုပ် ထုတ်ဝေသူများ၊ စာအုပ် လုပ်ငန်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ စာအုပ်စာပေကိစ္စမှာ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူတွဲပြီးတော့ ကျွန်တော်တို့ ကလေးစာပေ ပွဲတော်ကို