အေအီးစီအတွေ့အကြုံများအား နှီးနှောဖလှယ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ် များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Post date: Tue, 08/22/2017 - 20:03

အေအီးစီအတွေ့အကြုံများအား နှီးနှောဖလှယ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ် များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီကနေပြည် တော်ရှိ Kempinski Hotel ၌ကျင်းပသည်။

 
မြန်မာသမိုင်းအဖွဲ့ လပတ်အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား
Post date: Tue, 08/22/2017 - 19:49

သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ ဦးစီးကျင်းပသော မြန်မာသမိုင်းအဖွဲ့ လပတ် အစည်းအဝေးကို (၂၁-၈-၂၀၁၇) ရက်တွင် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်)၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တရုတ်ရုပ်သံဇာတ်လမ်းတွဲ စတင်ပြသခြင်း အခမ်းအနား နှင့် အသံသွင်းခန်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ
Post date: Tue, 08/22/2017 - 19:38

တရုတ်နိုင်ငံ ကွမ်ရှီးပြည်သူ့အသံလွှင်ဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်း ထုတ်လွှင့်သော တရုတ် ရုပ်သံဇာတ်လမ်းတွဲ အစီအစဉ်စတင် ကျင်းပခြင်း အခမ်းအနားနှင့် အသံသွင်းခန်းဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို နေပြည်တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 
အလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေးဆွေးနွေး
Post date: Tue, 08/22/2017 - 19:27

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာစီရယ်လ်အား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 
အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၇ ရက်မြောက်နေ့ကျင်းပ
Post date: Tue, 08/22/2017 - 18:53

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၇ ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၈) ရက်မြောက်နေ့ကျင်းပ
Post date: Tue, 08/22/2017 - 18:19

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၈) ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀) နာရီတွင် ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု နှင့် ဥပဒေကြမ်း (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Belt and Road High Level Meeting for Health Cooperation: towards a Health Silk Road အစည်းအဝေးသို့ တက်ရောက်
Post date: Tue, 08/22/2017 - 17:48

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သြဂုတ် (၁၈)ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပ သည့် Belt and Road High Level Meeting for Health Cooperation: towards a Health Silk Road အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 
1
2
3
4
5
6
7

MRTV News

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည် အာဆီယံနေ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သည့် သဝဏ်လွှာ
လေးစားအပ်ပါသောပြည်သူအပေါင်းတို့ခင်ဗျား၊

ငြိမ်းချမ်း၊ တည်ငြိမ်၊ စီးပွားရေးသာယာ၀ပြောတဲ့ အရှေ့တောင်အာရှဒေသကြီးတည် ထောင်ဖို့ မျှော်မှန်းခဲ့ကြတဲ့ အာဆီယံရဲ့ မူလတည်ထောင်သူ ဖခင်များရဲ့ မျှော်မှန်းချက်တွေကို လက်တွေ့ဖြစ်ပေါ် လာအောင်ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်းမှာ အကောင်အထည်ဖော်နိုင်ခဲ့ပါ ပြီ။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေအနေနဲ့ ဒီအောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွား နိုင်ကြပါပြီ။

ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

သိမ်းဆည်းခံလယ်ယာမြေများ၊ အခြား မြေများ ကို မူလပိုင်ရှင်ပြည်သူများ လက်ဝယ်ကို ပေးအပ်နိုင်ရန် အတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများ၊ လမ်းညွှန်ချက် များ ချမှတ်ပြီး ဆောင်ရွက်နေကြာင်း၊ မြေယာကိစ္စသည်  ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထားနှင့် ဥပဒေကြောင်းအရ ညီညွတ်မှု စသည့်အချက်များနှင့် စိစစ်ဆောင်ရွက်ရသည့်အတွက် ကိုင်တွယ်ဖြေရှင်းရာ တွင်  သေချာရန် အချိန်ယူရကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ကရုဏာနှင့် ယှဉ်ပြီးတရား မျှတမှုရရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေး နေကြောင်း။ လယ်သမားများအတွက် လယ်ယာမြေသည် အသက်သွေးကြောဖြစ်ကြောင်း၊ မိမိတို့စိုက်ပျိုးရေးနိုင်ငံ အတွက် လယ်သမားများသည်လည်း အသက်သွေး ကြောပင်ဖြစ်ကြောင်း၊သို့ဖြစ်၍ လယ်သမားများအတွက်  အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မိမိတို့အစိုးရအနေဖြင့် ဦးစားပေး အထူး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်နေပါ ကြောင်း။

ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းများ

မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်း ပေါ်ပေါက် ရန်အတွက် နှစ်ကာလများစွာကတည်းက လိုလားတောင့်တခဲ့ကြပြီး ရုန်းကန် လှုပ်ရှားမှုများကို လည်း အစဉ်တစိုက် ပြုလုပ်ခဲ့ကြပါကြောင်း။