နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် Noritake Co., Ltd ၏ ဥက္ကဋ္ဌ Mr. Tadashi OGURA နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Post date: Wed, 03/22/2017 - 21:37

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် Noritake Co., Ltd.၏ ဥက္ကဋ္ဌ Mr. Tadashi OGURA နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
Post date: Wed, 03/22/2017 - 21:37

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များအား ယနေ့ မွန်းလွဲ ၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ် လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

မြန်မာ ဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Post date: Wed, 03/22/2017 - 21:34

မြန်မာဒုက္ခသည်များ နေရပ် ပြောင်းရွှေ့သူများ အတွက် နေရပ် ပြန်လာရေးနှင့် ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး လုပ်ငန်းစဉ်မှာ သိမ်မွေ့သည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ၎င်းတို့ကို လုံခြုံမှုရှိစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ခြင်းမျိုး ဖြစ်စေရန် ကူညီ ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် ပေးရာမှာလည်း တိုင်းရင်းသား အဖွဲ့များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ၎င်းတို့ကို လက်ခံမည့် လူထု ပတ်ဝန်းကျင်များ၊ ဒုက္ခသည်များနှင့် ပတ်သက်သည့် ကိစ္စရပ်တွေကို ကုလသမဂ္ဂကနေ တာဝန် ပေးအပ်ထားသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အတူတကွ လက်တွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး ပြန်လည် ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် Democratic Control of Armed Forces (DCAF) အဖွဲ့အား လက်ခံတွေ့ဆုံ
Post date: Wed, 03/22/2017 - 21:33

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Democratic Control of Armed Forces (DCAF) ၏ မူဝါဒနှင့် သုတေသနရေးရာ အကြီးတန်းအဖွဲ့ဝင် Dr. Albrecht Schnabel ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်းမ၌ လက်ခံတွေ့ဆုံသည်။

(၂၀၁၇) ခုနှစ် ထူးချွန် အခြေခံ ကျန်းမာရေး ဝန်ထမ်းနှင့် ထူးချွန် စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများ လေ့လာရေး ခရီးစဉ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ အပ်နှင်းခြင်း အခမ်းအနား ကျင်းပ
Post date: Wed, 03/22/2017 - 21:31

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန (၂၀၁၇) ခုနှစ် ထူးချွန် အခြေခံ ကျန်းမာရေး ဝန်ထမ်းနှင့် ထူးချွန် စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများ လေ့လာရေး ခရီးစဉ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ အပ်နှင်းခြင်း အခမ်းအနားအား မတ် (၂၁)ရက် နံနက် (၈)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပသည်။

ရန်ကုန် - ဟံသာဝတီ- ပဲခူး စင်္ကြန် နှင့် ရန်ကုန် အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်း အတွက် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေး
Post date: Wed, 03/22/2017 - 21:30

ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် မတ် (၂၂)ရက် မွန်းလွဲ (၃)နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင်‌့ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ KOICA တို့ ပူးပေါင်း၍ ရန်ကုန် - ဟံသာဝတီ- ပဲခူး စင်္ကြန်နှင့် ရန်ကုန် အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်း အတွက် Project Steering Committee ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက အဖွင့်အမှာစကား ပြောကြားသည်။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ရလဒ်များ အပေါ် ဆန်းစစ် သုံးသပ်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ
Post date: Wed, 03/22/2017 - 21:28

တစ်နှစ်တာ ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ရလဒ်များ အပေါ် ဆန်းစစ် သုံးသပ်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။

1
2
3
4
5
6
7

IPRD News

NPE News

PPD News

MMPDD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ချစ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ ခင်ဗျား-
ဒီနေ့ မတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီကနေ့ဟာ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြ တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာ

ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၏ မိန့်ခွန်းများ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ မြို့လယ်တံတား၌ ယနေ့နံနက်ပိုင်းက TNT ယမ်းပြင်းများ ထည့် ထားသော သံပုံးတစ်လုံးနှင့် ပြုလုပ်ထားသည့် ဒေသန္တရလုပ် မိုင်းဗုံးအား  တပ်မတော်စစ်ကြောင်း အထူးမိုင်း ရှင်းလင်းရေးအဖွဲ့က ရှင်းလင်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့ရှိ