ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 29, 2024
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပိုမို အားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Mar 29, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွနေထိုင်ကြပြီး ပြည်ပအန္တရာယ်ပေါ်ပေါက်လာပါက အတူလက်တွဲ တွန်းလှန်ခဲ့ကြသည်။ ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သောပြဿနာများကိုလည်း အတူလက်တွဲဖြေရှင်းခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှုဖြင့် အေးချမ်းစွာနေထိုင် ခဲ့ကြသည်။
Mar 29, 2024
ယနေ့မြန်မာပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒမှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ အကယ်၍ ငြိမ်းချမ်းရေးကိုမလိုလားဘဲ တိုက်ပွဲများကို လိုလားသူများရှိနေသည်ဆိုပါက ၎င်းတို့သည် နိုင်ငံနှင့်ပြည်သူမငြိမ်းချမ်းမှုအပေါ်တွင် အကျိုးစီးပွားဖြစ်နေသူများ သို့မဟုတ် မှန်မှန်ကန်ကန်၊ ဆင်ခြင်တုံတရားရှိရှိ စဉ်းစားမြော်မြင်နိုင်စွမ်းမရှိသူ စစ်သွေးကြွများသာလျှင်ဖြစ်နိုင်သည်။ တိုင်းတစ်ပါးလက်အောက် ကျွန်သပေါက်ဘဝတွင် တစ်နိုင်ငံလုံးငြိမ်သက်ခဲ့သမျှ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဘဝတွင် အကြောင်းရင်းခံအမျိုးမျိုးနှင့် လက်နက်ကိုင်အဖွဲ့ အစည်းအမျိုးမျိုးပေါ်ပေါက်လာခဲ့ပြီး ပဋိပက္ခတို့ ယနေ့တိုင်မပြီးဆုံးနိုင်သည်မှာလည်း ပြည်သူလူထုအဖို့ နားမလည်နိုင်စရာပင်ဖြစ်သည်။
Mar 28, 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။
Mar 28, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ပန်လျန်းကျေးရွာ၊ ကျောက်ကချားကျေးရွာများရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ ပြန်လည်အခြေချနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
Mar 28, 2024
(၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြခဲ့ကြသည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပပြုလုပ်သည်။
Mar 28, 2024
(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပပြုလုပ်ကြသည်။
Mar 28, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နောက်ဆုံးရသတင်းများ
Mar 29, 2024Latest News
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 29, 2024Latest News
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပိုမို အားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်မ
Mar 29, 2024Latest News
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွနေထိုင်ကြပြီး ပြည်ပအန္တရာယ်ပေါ်ပေါက်လာပါက အတူလက်တွဲ တွန်းလှန်ခဲ့ကြသည်။ ပ
Mar 29, 2024Latest News
ယနေ့မြန်မာပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒမှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ အကယ်၍ ငြိမ်းချမ်းရေးကိုမလိုလားဘဲ တိုက်ပွဲများကို လိုလားသူများရှိနေသည်ဆိုပါက ၎င်းတို့သည် နိုင်ငံနှင့်ပြည်သူမငြိမ်းချမ်းမှုအပေါ်တွင် အကျိုးစီးပွားဖြစ်နေသူ
Mar 28, 2024Latest News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌ မျိုးချစ်စိတ်ဓာတ
ဆောင်းပါးကဏ္ဍ
- Mar 28, 2024အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Strom) “မိုခါ” က ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ကပ္ပလီ ပင်လယ်ပြင်တို့မှနေ၍ မကြုံစဖူး ကြီးမားပြင်းထန်လှသောအင်အားဖြင့် မြန်မာ နိုင်ငံကို ခြိမ်းခြောက်နေချိန်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးကို နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပခဲ့သည်။ မုန်တိုင်းမကျ ရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် အဆိုပါအရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း အမှာအကြားပြုခဲ့သည့်အပြင် “ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” ကိုလည်း ပြောကြားခဲ့သည်။
- Mar 27, 2024ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
- Mar 26, 2024ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
- Mar 26, 2024မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။
- Mar 26, 2024၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ စစ်တွေမြို့အနီး ကုန်းတွင်းပိုင်းဆီသို့ ဝင်ရောက်ခဲ့သည်။ ရခိုင်ကမ်းရိုးတန်းနှင့် မုန်တိုင်းဟူသည် မစိမ်းသော်လည်း အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်မှုသည် ဖြစ်တောင့်ဖြစ်ခဲကံဆိုးလှသည့် သဘာဝဘေးအန္တရာယ်ပင်ဖြစ်သည်။
- Mar 25, 2024လူတို့သည် အစာမစားဘဲ တစ်လခန့် အသက်ရှင်နေနိုင်သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရလျှင် ချက်ချင်းအသက်ဆုံးရှုံးနိုင်သဖြင့် “ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”ဟု ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။