ဆောင်းပါး

Post date: 03/16/2017 - 11:26

နိုင်ငံတကာတွင် နိုင်ငံတိုင်းက မိမိတို့၏နေ့ထူးနေ့မြတ်များနှင့် နိုင်ငံတစ်ခု၏ချစ်ကြည်ညိုလေးစားရသော ပုဂ္ဂိုလ်များ အား အမှတ်တရအဖြစ် တံဆိပ်ခေါင်းများထုတ်၍ ဂုဏ်ပြုကြပါသည်။ တချို့နိုင်ငံများဆိုလျှင် မိမိတို့၏နိုင်ငံမှ လူပုဂ္ဂိုလ် မဟုတ်သော်လည်း

Post date: 03/15/2017 - 10:22

ဆူးငှက်

ကျွန်တော် မှတ်မိနေသော ကင်းဝန်မင်းကြီးက မဟာမုနိဘုရား ကြီးပရိဝုဏ်အတွင်းမှာ ရှိခဲ့ဖူးသည်။ ဘုရားကြီးသို့ ရောက်လေတိုင်း ဂန္ဓကုဋိတိုက်ကြီး၏ တောင်ဘက်မှာရှိသော ပြတိုက်ကြီး သို့ မရောက်ရောက်အောင် သွားသည်။ ပြတိုက်ကြီးထဲမှာရှိသော မြန်မာမင်း လက်ထက်ဝန်ကြီးများ ရုပ်လုံးနှင့်အတူ သီပေါမင်း နှင့်စုဖုရားလတ်ရုပ်လုံး၊ မင်းတုန်းမင်းကြီး ရုပ်လုံးတို့ကို ကြည့်၍မဝ ဖြစ်မိ၏။ ပန်းချီကျော်ဦးချစ်မြဲ၏ မြေနန်းပြာသာဒ်နောက် ခံပန်းချီကားကြီးနှင့်အတူ မင်းတုန်းမင်းကြီးပုံက ခန့်ညားလှ သည်။ လက်ထဲတွင် သားမွေးယပ်တောင် တစ်ချောင်းကိုင် ထား၏။

Post date: 03/14/2017 - 10:24

''ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်''ဟု လူတွေကမိမိ၏ ချို့ယွင်းချက်၊ မကောင်းကြောင်းတို့ကို မိမိကိုယ်တိုင် သူတစ်ပါးရှေ့ ထုတ်ဖော်ပြောကြားမှုကို ဆိုကြပါသည်။

Post date: 02/23/2017 - 13:11

ယခုအခါ က္ဘာပေါ်တွင် ယူနက်စကို အဖွဲ့ ကြီးက ၁၈၇ နိုင်ငံအတွင်းရှိ ရှေးဟောင်း အဆောက်အအုံပေါင်း၊ နေရာဒေသပေါင်း ၉၃၆ ခုကို ကမ္ဘာ့စာရင်းဝင်ပြီး အသိ အမှတ်ပြုပြီးဖြစ်ပါသည်။ 

Post date: 02/20/2017 - 14:06

နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကို အမျိုးသားကဇာတ်ရုံတွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည်။ နိုဘယ်လ်-မြန်မာစာပေပွဲတော် ၂ဝ၁၇ (ရသစာပေ)ဖြစ်သည်။ ပွဲတော်၏ ရည်ရွယ်ချက်မှာ မြန်မာနှင့် နိုင်ငံတကာ

Post date: 02/20/2017 - 14:00

နေရာတိုင်းလိုလိုမှာ အစည်းအဝေးတွေ ကျင်းပနေတာ တွေ့ရ တယ်။ စီးပွားရေးလုပ်ငန်းများမှာ လည်းကောင်း၊ အစိုးရဌာန များမှာ လည်းကောင်း၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများမှာလည်း ကောင်း အစည်းအဝေးတွေ လုပ်နေကြတယ်။ 

Post date: 02/15/2017 - 14:49

ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် ပြည်သူ့ဘဝ လိုအပ်ချက်များကို တစ်နေ့ထက်တစ်နေ့၊ တစ်စထက်တစ်စ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သော ပြုပြင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်သည်နှင့်အမျှ ပြည်သူ့အကျိုးစီးပွားတိုးတက်မြင့်မားလာပြီး ''ရေမြင့်ကြာတင့်'' ဆိုသကဲ့သို့ နိုင်ငံ၏ဂုဏ်ဒြပ်လည်း ပိုမိုဝင့်ထည်ခိုင်မာလာမည်ဖြစ်ပါသည်။

Post date: 02/10/2017 - 10:39

တိုင်းရင်းသားလူမျိုးများအနက် လူဦးရေအများဆုံး ဖြစ်သော ရှမ်းအမျိုးသားများနှင့်၎င်းတို့အပေါ် ဩဇာ ရှိနေ သေးသူ ပဒေသရာဇ်နယ်ရှင်စော်ဘွားများအား အဓိကစည်းရုံး၍ ဗြိတိသျှနယ်ချဲ့တို့က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော 

Post date: 01/24/2017 - 10:33

မြန်မာ့လွှတ်တော်သည် ရှေးဘုရင်များလက်ထက်ကပင် ပေါ်ပေါက်ခဲ့ပြီး ပုဂံ ပျူစောထီးမင်းလက်ထက် လွှတ်တော်၊ ဗြိတိသျှကိုလိုနီခေတ် လွှတ်တော်၊ ဂျပန်ခေတ် အတိုင်ပင်ခံလွှတ်တော်၊ တိုင်းပြုပြည်ပြုလွှတ်တော်

Post date: 01/17/2017 - 10:31

''နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရား များ ထွန်းကားစေရမည်'' ဟူသည့် အခြေခံဥပဒေများ၏ အဓိက မူဝါဒသဘောကို တက္ကသိုလ် ဥပဒေကျောင်းသားဘဝကပင် ရင်ခုန်စွဲလမ်း အမြဲတမ်း အလွတ်ကျက်ခဲ့သည့် စာပိုဒ်ဖြစ်ခဲ့ပါ ပေသည်။ တစ်ဆက်တည်း ခေါင်းထဲစွဲနေခဲ့သည့် မဏ္ဍိုင် (၃)ရပ်ကလည်း ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေးတို့ဖြစ်သည့်အတွက် နေ့စဉ်ရက်ဆက် အသက်ခန္ဓာပမာ ကျင့်သုံးရွက် ဆောင်ခွင့်ရခဲ့သည့် ဥပဒေဝန်ထမ်းတစ်ဦး ဖြစ်နေခဲ့သောကြောင့် ထဲထဲဝင်ဝင် ခုံမင်နှစ်သက် ထမ်းရွက်ခွင့်ရခဲ့ပြန်ပါသည်။ မဏ္ဍိုင် (၃) ရပ်အပြင် စတုတ္ထမဏ္ဍိုင်ဟု ကမ္ပည်းတင်သည့် ''သတင်းမီဒီယာ'' ကဏ္ဍကိုပါ တာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ဖို့ သမိုင်း လက်ဆင့်ကမ်း အမွေရခဲ့ပြန်ပေသောကြောင့် ''မဏ္ဍိုင်(၄)ရပ် မြင့်မြတ်တာဝန်'' ဟု မော်ကွန်းတင်ရမည်သာ ဖြစ်ပါပေ သည်။

Pages