တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Fri, 01/06/2017 - 09:33 -- moi-admin

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီအဖွဲ့

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ နေ့စဉ် ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ သတင်းစာနှင့် The New Light of Myanmar သတင်းစာ(အင်္ဂလိပ်) တို့အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ်ပိုင် Website  တည်ထောင်ပြီး Digital Newspaper အဖြစ် အကျိုးတူပူးပေါင်း ဆောင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း။ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီက ၃ - ၁ - ၂၀၁၇ ရက်နေ့တွင် အစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် အချက်အလက်များနှင့်ကိုက်ညီသည့် Megalink Advanced Technologies ကုမ္ပဏီအား ရွေးချယ်ခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်တွင်း/ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ