ပြည်သူ့အတွက် ပထမ တစ်နှစ်တာ သတင်းများ

နေပြည်တော်ကောင်စီက အစိုးရသစ်တစ်နှစ်တာကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ သိရှိနိုင်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် အား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။

03/22/2017 - 12:12

လူသားအားလုံးအကျုံးဝင်သော သာတူညီမျှမှုရှိပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှု ကာကွယ်စောင့်ရှောက်ရေး စနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ရန်နှင့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ် များမှ

03/22/2017 - 09:07

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အစိုးရသစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂ဝ၁၆ ခုနှစ် ဧပြီလမှစတင်၍ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာ စေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြန့်ကြက် ဆောင်ရွက်ခဲ့သည်။ ယင်းတို့အနက်မှ ထူးခြား ဆောင်ရွက်နေမှုများကို သိရှိတင်ပြနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။

03/21/2017 - 15:42

“ကယားတို့ဌာနီ၊ ကန္တာရဝတီ
သဘာဝအခြေခံ၊ စိမ်းလန်းသည်
ဖားစည်သံနှင့်၊ ဆီးကြိုမည်
ငြိမ်းချမ်းဖြစ်တည်၊ ငွေတောင်ပြည်”ဟု
တင်စားခေါ်ဝေါ်နိုင်သည့် ကယားပြည်နယ် သည် နိုင်ငံ၏ အရှေ့ဘက်တွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၃၀၀၀ မြင့်သော ကုန်း ပြင်မြင့်တွင် တည်ရှိသည်။

03/21/2017 - 15:40

ကျန်းမာရေးချို့ယွင်းလာလျှင် အမြန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုကြသည်။ ပြည်သူများသည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း များထက် ကုန်ကျစရိတ်များစွာသက်သာသော ပြည်သူ့ဆေးရုံ၊ ဆေးခန်းများကို ပိုမိုအားကိုး ကြသည်။ ကျန်းမာရေးဝန်ထမ်းများ၏ ကျန်း မာရေးစောင့်ရှောက်ပေးမှုနှင့်အတူ ၎င်းတို့၏ နွေးထွေးမှု၊ ကြင်နာမှု၊ ဂရုစိုက်မှုတို့ကို ဝေဒနာ ရှင်တိုင်း လိုလားတောင့်တကြသည်။

03/19/2017 - 11:12

အစိုးရသစ်လက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်စီးပွား ရေးစနစ်ပီပြင်လာအောင် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်၏ တစ်နှစ်တာ အတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်ကာ အလေးပေးလုပ်ဆောင်လျက်ရှိသည်။ ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်။

03/18/2017 - 14:47

မြေလတ်ဒေသ၊ အညာမြေဒေသ၊ ဖန်ခါး မြေဟုခေါ်ဆိုသည့် မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် တည်ရှိသည်။ ဧရာဝတီမြစ်နှင့် မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ ယောချောင်း၊ ပင်းချောင်း၊ မြစ်သာမြစ်တို့ဖြင့် ဆည်ငယ်၊ ကန်ငယ်နှင့် ဘက်စုံရေလှောင်တမံကြီးများဖြင့် စိုက်ပျိုးရေးလုပ် ငန်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် တိုင်းဒေသကြီးဖြစ်သည်။

03/18/2017 - 14:01

(ဖိုးသက်)

အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုများကို သိရှိနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်အား တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

03/15/2017 - 11:04

လုပ်ငန်းဆောင်ရွက်မှုကြောင့် စာရင်းဟူ၍ ပေါက်ဖွားလာပါသည်။ စာရင်း၏ ဖြစ်ပေါ်ရာ အခြေခံမှာလည်း လုပ်ငန်းဖြစ်ပါသည်။ စာရင်းကို အဓိကထား၍ စစ်ဆေးနေလျှင် အကျိုးသက်ရောက်မှုနည်းရာမှ ပဓာနကျသည့်လုပ်ငန်းကို ဇောင်းပေး၍ စစ်ဆေးဖော်ထုတ် အစီရင်ခံမည့်ဦးတည်ချက်ဖြင့် ဆောင်ရွက်သည့်အတွက် အကျိုးသက်ရောက်မှုများစွာ ရရှိလာခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အကြီးမားဆုံးသော ပြောင်းလဲမှုဖြစ်ပါသည်။

03/15/2017 - 10:08

Pages